နိဒါန်း
စပါးသီးနှံသည် နိုင်ငံတော်၏ အဓိကစားနပ်ရိက္ခာဖြစ်ပြီး အာဆီယံဒေသအတွင်း ဆန်စားသုံးမှု အမြင့်ဆုံးနိုင်ငံလည်းဖြစ်သောကြောင့် လူဦးရေတိုးတက်လာသည်နှင့်အမျှ စားသုံးမှုဖူလုံရန်နှင့် ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေပိုမိုရရှိစေရန် ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးကို အလေးထားဆောင်ရွက်လျှက်ရှိပါသည်။ ဆန်စပါးထုတ်လုပ်မှု တိုးတက် စေရန် စိုက်ပျိုးဧရိယာများ တိုးချဲ့လာပြီး (၂၀၁၅-၂၀၁၆)ခုနှစ်တွင် မိုးစပါး/ နွေစပါး စုစုပေါင်းစိုက်ဧက (၁၇) သန်းကျော်အထိ စိုက်ပျိုးလာကြပါသည်။ ပြည်တွင်းစျေးကွက်တွင် အဓိကရောင်းဝယ်မှုအများဆုံး စပါးမျိုးများမှာ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ရတနာတိုး စသည်တို့ဖြစ်၍ ပြည်ပတင်ပို့မှုအနေဖြင့် ငစိန်၊ ပေါ်ဆန်း၊ ကောက်ညှင်း၊ ဇီယာ၊ ဆင်းသွယ်လတ်၊ ဧရာမင်း စသည့်မျိုးများဖြစ်ပါသည်။ အဆိုပါ ပြည်တွင်းစျေးကွက်အတွက် အရည်အသွေးကောင်းပြီး ပြည်ပစျေးကွက်အတွင်း နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီသည့် စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် GAP နည်းလမ်း များကို လိုက်နာကျင့်သုံးဆောင်ရွက်ရန် လိုအပ်ပါသည်။
အောက်ပါလင့်တွင် အပြည့်အစုံရရှိနိုင်ရန် pdf file ကို ဒေါင်းလုပ်ဆွဲယူနိုင်ပါသည်။
http://www.doa.gov.mm/doa/index.php?route=product/product&path=33_18&product_id=190
Registration is free and easy!