နယ်သာလန်နိုင်ငံနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အဖြစ် စိုက်ပျိုးရေးရေး သိပ္ပံကျောင်းများတွင် နယ်သာလန် နိုင်ငံမှ NICHE ၏ အထောက်အပံ့ဖြင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်၍ " စိုက်ပျိုးရေးသိပ္ပံများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း " အား ဆောင်ရွက်လျှက်ရှိပါသည်။ နယူးဇီလန်နိုင်ငံမှ Ms.Virgina ဦးဆောင်သော အဖွဲ့ဝင် (၄)ဦးနှင့် Ms.Susanne Van Leishout(MDF Myanmar) တို့သည် ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ရုံးခန်းတွင် တာဝန်ရှိသူများနှင့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့ (၁၀:၀၀)နာရီတွင် လာရောက်၍ လက်ရှိ နယ်သာလန်နိုင်ငံနှင့် ဆောင်ရွက်လျှက်ရှိသည့် စီမံကိန်းတွင် နယူးဇီလန်နိုင်ငံမှ နို့စားနွား(ဒေသမျိုး) မွေးမြူရေးဆိုင်ရာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ အထောက်အကူပေးရေးတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Registration is free and easy!