ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန
လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်- ၁ /၂၀၁၇
၁၃၇၉ခုနှစ်၊ ဝါဆိုလဆုတ်( ၉ )ရက်
၂၀၁၇ခုနှစ်၊ ဇူလိုင်လ ( ၁၇ )ရက်
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ စိုက်ပျိုးရေးသိပ္ပံများတွင် လစ်လပ်လျှက်ရှိသော အောက်ဖော်ပြပါရာထူးနေရာအတွက် လျှောက်လွှာများ တင်သွင်း နိုင်ပါသည်။
စဉ် ရာထူး/လစာနှုန်း လစ်လပ်နေရာ ပညာအရည်အချင်း
(က) နည်းပြ(စိုက်ပျိုးရေး)/ (၃၉)နေရာ B.Agr.Sc/B.V.Sc
နည်းပြ(မွေးမြူရေး)
(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)
(ခ) ဒုတိယနည်းပြ(သိပ္ပံ) (၇)နေရာ B.Sc(Physics)/B.Sc(Maths)
(၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀) B.A(English)
(day တက်သူဦးစားပေးမည်)
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ) ( ၁၄- ၈-၂၀၁၇)ရက်နေ့တွင်အသက်(၃၀)နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်
မကျော်လွန်သူဖြစ်ရမည်။
(ဂ) မဟာဘွဲ့ရပြီးသူများအတွက် အသက်(၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
(ဃ) အနည်းဆုံးလုပ်သက် တစ်ဆက်တည်း(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများပူးတွဲလျှက် စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၃)၊ နေပြည်တော်သို့ (၁၄ - ၈ -၂၀၁၇)ရက်နေ့အရောက် ပေးပို့လျှောက် ထားရမည်။
(က) ဘွဲ့လက်မှတ်မိတ္တူ(လူတွေ့စစ်ဆေးခြင်းဖြေဆိုသည့်အခါ အောင်လက်မှတ်မူရင်းတင်ပြရန်)
(ခ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်/တက္ကသိုလ်ဝင်တန်း
အောင်လက်မှတ်မိတ္တူ (လူတွေ့စစ်ဆေးခြင်း ဖြေဆိုသည့်အခါ အောင်လက်မှတ်မူရင်း တင်ပြရန်)
(ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံထားသည့်
ပြစ်မှု၊ မှုခင်းကင်းရှင်းကြောင်းထောက်ခံချက်မူရင်း
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင်ဓါတ်ပုံ(၂)ပုံ
(နောက်ကျောတွင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်ရေးသားဖော်ပြရန်)
(စ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း
၄။ လျှောက်လွှာများကို နေပြည်တော်၊ရုံးအမှတ်(၄၃)၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊ စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာဌာနခွဲ၊ဝန်ထမ်းရေးရာဌာနစိတ်(၇)နှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာနရုံးများတွင် ရရှိနိုင်ပါသည်။
၅။ လျှောက်လွှာပိတ်ရက်ထက်ကျော်လွန်ပေးပို့လာသော လျှောက်လွှာများနှင့် အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ဖော်ပြထားခြင်းမရှိသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။
၆။ အရည်အချင်းစစ်ရေးဖြေစာမေးပွဲအား စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)တွင် မြန်မာစာ၊ အထွေထွေ ဗဟုသုတ၊ အင်္ဂလိပ်စာတို့အား မေးခွန်းတစ်ခုလျှင် (၂)နာရီဖြင့် အောက်ပါနေ့ရက်များအတိုင်း ဖြေဆိုရ မည်ဖြစ်သည်။
စဉ် ဖြေဆိုရမည့်ဘာသာရပ် နေ့ရက် အချိန်
(က) မြန်မာစာ ၂၆-၈-၂၀၁၇ ( ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီထိ)
(ခ) အထွေထွေဗဟုသုတ ။ ( ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီထိ)
(ဂ) အင်္ဂလိပ်စာ ၂၇-၈-၂၀၁၇ ( ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီထိ)
၇။ ရေးဖြေအောင်မြင်သူများအား လူတွေ့စစ်ဆေးမည့်အစီအစဉ်ကို ထပ်မံအကြောင်းကြားမည်ဖြစ်ပြီး သိရှိစုံစမ်းလိုပါက စိုက်ပျိုးရေးဦးစီးဌာန Website www.doa.gov.mm နှင့် အပိုဒ်(၈)ပါဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၈။ အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၄၁၀၃၂၅/ ၀၆၇-၄၁၀၅၁၇/၀၆၇-၄၁၀၅၇၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လျှောက်လွှာပုံစံ ဒေါင်းလုပ်ဆွဲရန် http://www.doa.gov.mm/doa/index.php?route=product/product&path=33_20&product_id=180
Registration is free and easy!