စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် နယ်သာလန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Consortium of Dutch NGO's (CDN) အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ "သဘာဝဘေးဒဏ်ခံဒေသ ပြည်လည်ထူထောင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း" ကို ပဲခူးတိုင်းဒေသကြီး(ကျောက်ကြီး)၊ ကရင်ပြည်နယ် (သံတောင်ကြီး)၊ ရခိုင်ပြည်နယ် (စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦး)မြို့နယ်တို့တွင် အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ နှင့် လုပ်ငန်းစီးမံချက်ဆိုင်ရာ လက်မှတ်ရေးထိုးပွဲကို ဇူလိုင်လ (၆) ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်က စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ရုံးခန်း)၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲ့တင့်ထွန်း နှင့် CDN အဖွဲ့မှ Country Director ဖြစ်သူ Mr. Gareth Edward Brindley Hughes တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
Registration is free and easy!