ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် တန်ဘိုးကွင်းဆက်များကဏ္ဍ နည်းပညာအကူအညီပေးရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြား

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် တန်ဘိုးကွင်းဆက်များကဏ္ဍ နည်းပညာအကူအညီပေးရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြား

ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ
ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင်တန်ဘိုးကွင်းဆက်များကဏ္ဍ နည်းပညာအကူအညီပေးရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြား


နေပြည်တော်                    ဇူလိုင်လ (၁၂)ရက်

          ကမ္ဘာ့နိုင်ငံအသီးသီးတွင် နေ့စဉ် စားသုံးမှုအတွက်အာဟာရပြည့်ဝရေးနှင့် စားနပ်ရိက္ခာ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှုရှိစေရေးဆိုင်ရာကိစ္စရပ်များသည်နိုင်ငံအားလုံး၏ ပထမဆုံး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ယခုအခါ အပူပိုင်းဇုန်ရပ်ဝန်းဒေသများ ရှိ ကျေးလက်နေတောင်သူများအနေဖြင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု သဘာဝဘေးဒဏ်၏ ဆိုးကျိုးများဖြစ်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် လေလွင့်ဆုံးရှုံးခြင်းနှင့်အထွက်နှုန်း လျော့နည်းမှု ဒဏ်များကို အပြင်းအထန် ခံစားနေရပါကြောင်း၊ အပူပိုင်းဇုန်ရပ်ဝန်းအားအခြေတည်၍ ရာသီဥတု ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေရှိသော ကွင်းဆက်တန်ဘိုးမြှင့်စိုက်ပျိုးစီးပွားရေး ကဏ္ဍဆိုင်ရာ စီမံကိန်းအား ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးကိုမိမိတို့ဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)တို့အကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

            ဤစီမံကိန်းသည် စိုက်ပျိုးထွက်ကုန်သီးနှံများ အရည်သွေးမြှင့် တိုးတက်ထုတ် လုပ်နိုင်ရေး၊ စျေးကွက်စီးပွားရေးစနစ်မြင့်မားလာရေး၊ကျေးလက်နေတောင်သူလယ်သမားများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးတို့ကိုရည်ရွယ်ပါကြောင်းဖြင့် ယနေ့နံနက်(၉)နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ Park RoyalHotel ၌ ကျင်းပပြုလုပ်သော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးထုတ်လုပ်မှုစီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် တန်ဘိုးကွင်းဆက်များကဏ္ဍ နည်းပညာအကူအညီပေးရေးစီမံကိန်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ နှင့်အတူ မကွေးတိုင်း ဒေသကြီး စိုက်ပျိုး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးစိုးမြင့်၊ အမြဲတမ်း အတွင်းဝန်များ ဖြစ်ကြသော ဒေါက်တာတင်ထွဋ် နှင့် ဒေါက်တာခင်ဇော်၊ညွှန်ကြားရေးမှူးချုပ် များ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ စီမံကိန်းတာဝန်ခံ Dr.Ancha Srinivasan ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။