ကချင်ပြည်နယ် သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်း က ငှက်ပျော၊ ပြောင်းဖူး၊ ရော်ဘာ ၊ ငရုတ်နှင့် သီးနှံစုံ စိုက်ပျိုး ထုတ်လုပ် လျက်ရှိ

ကချင်ပြည်နယ် သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်း က ငှက်ပျော၊ ပြောင်းဖူး၊ ရော်ဘာ ၊ ငရုတ်နှင့် သီးနှံစုံ စိုက်ပျိုး ထုတ်လုပ် လျက်ရှိ

ပြည်ပပို့ကုန်အဖြစ် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရာတွင် သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ် စံချိန် စံညွှန်းများညီညွတ်စေရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့ ရာတွင် သီးနှံအရည်အသွေးကောင်းမွန်မှု တစ်ခုတည်းဖြင့် ဈေးကွက်သို့ ဝင်ရောက်၍ မရနိုင်ဘဲ ဓါတ်ကြွင်း ပါဝင်မှုကန့်သတ်ချက် နှင့် အပင်ပိုးမွှား ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်များကို တိကျပြည့်စုံစွာ လိုက်နာ ဆောင်ရွက်ကြမှသာ ငှက်ပျောတင်ပို့ခွင့်နှင့် ပတ်သက်သည့် နှစ်နိုင်ငံ သဘောတူစာချုပ် ၏ အကျိုးကျေးဇူးကို ခံစားနိုင်ကြမည် ဖြစ်ကြောင်း မေလ(၂)ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ငှက်ပျော လုပ်ငန်းရှင်များ နှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။



ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် ဝိုင်းမော်မြို့နယ် စမ်းခါး ကျေးရွာရှိ လုံယောင်းကုမ္ပဏီက စိုက်ပျိုးထားရှိသည့် တစ်သျှူးငှက်ပျောစိုက်ခင်းများ နှင့် ငှက်ပျောခိုင်များ ခုတ်သိမ်း ထုပ်ပိုးနေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြသည်။



မြန်မာနိုင်ငံမှ ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိရေး သဘော တူညီချက် ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တို့ အကြား အောင်မြင်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့ပြီးဖြစ်ရာ ပြည်တွင်းမှ တစ်သျှူးငှက်ပျောလုပ်ငန်းရှင်များ အနေဖြင့် တရားဝင် တင်ပို့ ရောင်းချနိုင် လျက် ရှိကြောင်း၊ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်အတွင်း ငှက်ပျော တန်ချိန် (၈)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ  (၃၂၈) သန်း ခန့် နိုင်ငံခြားဝင်ငွေ ရရှိခဲ့ ကြောင်း၊ ကချင်ပြည်နယ် သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်း ကို ဖွဲ့စည်းထားရှိပြီး ငှက်ပျော၊ ပြောင်းဖူး၊ ရော်ဘာ ၊ ငရုတ်နှင့် သီးနှံစုံစိုက်ပျိုး ထုတ်လုပ် လျက်ရှိကြောင်း၊ တရုတ် ကုန်သွယ်လမ်း အနီးတွင်ရှိသည့် ကချင်ပြည်နယ် တွင် ဈေးကွက် လိုအပ်ချက် အရ တစ်သျှူး ငှက်ပျောကို အဓိကထား စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ငှက်ပျောစိုက်ပျိုးသူများ လိုက်နာ ဆောင်ရွက် ရမည့် အချက်များ တွင် စိုက်ပျိုးထုတ်လုပ်မည့် ဒေသ နှင့် ခူးဆွတ်ရမည့် ကာလ အပါအဝင် ရိတ်သိမ်းချိန်လွန် ဆေးစီရင်ခြင်း နည်းလမ်း များကို လိုက်နာဆောင်ရွက်ရန် လိုကြောင်း၊ ဖျက်ပိုးကာကွယ် နှိမ်နင်းခြင်း အတွက် စိုက်ပျိုးရေးသုံး ဓါတုပစ္စည်းများ စနစ်တကျ သုံးစွဲခြင်း နှင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) စံချိန်စံနှုန်းနှင့် အညီလိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အလားတူ တင်ပို့သူများ နှင့် စစ်ဆေးသူတို့ လိုက်နာ ဆောင်ရွက် ရမည့် အချက်များပါဝင်ကြောင်း ၊ ဝန်ကြီးဌာနက ငှက်ပျော တင်ပို့မည့် ရာသီမတိုင်မီ GACC သို့ပေးပို့နိုင်ရန်အတွက် ငှက်ပျောစိုက်ခင်းများ နှင့် ထုပ်ပိုးရုံများ ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တွင် မှတ်ပုံတင်ရန် လိုအပ်ကြောင်း သိရှိ ရသည်။