နေပြည်တော်၊အောက်တိုဘာ(၁၀)ရက်
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)ကို တစ်နိုင်ငံလုံး ကျယ်ကျယ် ပြန့်ပြန့် လိုက်နာကျင့်သုံးဆောင်ရွက်လာကြခြင်းဖြင့် စားရေရိက္ခာဖူလုံစေ ယုံမျှမက ပြည်ပစျေးကွက်များသို့ စီးပွားဖြစ် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော မြန်မာ GAP Protocol ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းနှီးနှောဖလှယ်ပွဲ ကို အောက်တိုဘာလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ နေပြည်တော်၊ ပရဆေးဥယျာဉ် အစည်းအဝေးခန်းမ၌ (၄)ရက်ကြာကျင်းပခဲ့ရာ နှီးနှော ဖလှယ်ပွဲသို့ စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ယခုကျင်းပပြီးစီးခဲ့သည့် နှီးနှောဖလှယ်ပွဲတွင် မြန်မာ GAP Protocol ရေးဆွဲနိုင်ရေးအတွက် လိုအပ်ချက်များကို ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ပထမမူကြမ်းအဖြစ် အတည်ပြုနိုင်ရေးကို သက်ဆိုင်ရာသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒုတိယမူကြမ်းနှင့် တတိယမူကြမ်းများ ရေးဆွဲရာတွင် သီးနှံအမျိုးအစားများ အလိုက် သက်ဆိုင်ရာဒေသများ၌ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။
Registration is free and easy!