ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စိုက်ပျိုးရေးဦးစီးဌာန၏ (၄)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြား

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စိုက်ပျိုးရေးဦးစီးဌာန၏ (၄)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြား

နေပြည်တော် ရုံးအမှတ်(၁၅)တွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးဦးစီးဌာန၏ (၄)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။


ထို့နောက် သီးနှံကဏ္ဍဖွံ့ဖြိုးဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့ ခေါင်းစဉ်ဖြင့် မတ်လ(၁၇)ရက် နေ့မှ (၁၉) ရက်နေ့ထိ (၃)ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ စာတမ်းဖတ်ပွဲ၏ ဆုချီးမြှင့်ပွဲ ကို ဆက်လက်ကျင်းပရာ အတွေ့အကြုံကောင်းရှိပညာရှင်အုပ်စု တွင် ဆုရွေးချယ်ခံရသော ငါးအမိုင်နိုအက်ဆစ် အမျိုးမျိုး နှင့် နှုန်းထား အမျိုးမျိုး တို့၏ ဖရုံအပင် အထွက်နှုန်း အပေါ် အကျိုးသက် ရောက်မှုများအား လေ့လာခြင်း စာတမ်းဖြင့် ပထမဆုရရှိသူ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်း၊ ကော်ဖီ မျိုးများ၏ ရုပ်လက္ခဏာ ဖော်ပြနိုင်စွမ်းများ အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ အာရေးဗီးကား ကော်ဖီ (၂၉)မျိုး အား မျိုးအုပ်စုများ ခွဲခြားခြင်း စာတမ်းဖြင့် ဒုတိယဆုရရှိသူ ဦးစီးအရာရှိ ဦးသူရိန်နိုင် ၊ အပူပိုင်းဒေသတွင် ပဲတီစိမ်းနှင့် ပဲတီစိမ်းလက္ခဏာများ အပေါ် ဘိုရွန်နှင့် မိုလစ်ဒီနပ်၏ အကျိုးသက်ရောက်မှုကိုလေ့လာခြင်း စာတမ်းဖြင့် တတိယဆု ရရှိသူ ဒု-ဦးစီးမှူး ဒေါ်တင်မာဝင်း နှင့် နှစ်သိမ့်ဆုရရှိသူ(၃)ဦး တို့ကို လည်းကောင်း၊ တက်သစ်စ ပညာရှင်အုပ်စု တွင် ဆုရွေးချယ်ခံရသော မက္ကဒေးမီးယားမျိုးများနှင့် တန်ဖိုးမြင့် ထုတ်ကုန်များ စာတမ်းဖြင့် ပထမဆုရရှိသူ ဒု-ဦးစီးမှူး ဦးတင့်နိုင်ထွန်း ၊ ဂရိတ်ဖရု သစ်သီးပင်၏ အထွက်နှုန်း နှင့် အရည်အသွေးတိုးတက်စေရန် စနစ်တကျ ပြုစုထိန်းသိမ်းခြင်း စာတမ်းဖြင့် ဒုတိယဆုရရှိသူ ဦးစီးအရာရှိ ဦးဝင်းကျော်ထွန်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြောင်းချဉ်ဖတ် ပြုလုပ်ခြင်း သုံးစွဲခြင်းနှင့် အကျိုးအမြတ်လေ့လာ ခြင်း စာတမ်းဖြင့် တတိယဆု ရရှိသူ ဒု-ဦးစီးမှူး ဒေါ်ခိုင်ဇာဇာစော နှင့် နှစ်သိမ့်ဆုရရှိသူ(၇)ဦး တို့ကို လည်းကောင်း ဒုတိယဝန်ကြီး အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိသည်။