၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)


တင်ပြသူ -  ဒေါ်ခင်မင်းဝံစိုး -    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
 
မင်္ဂလာပါရှင်--------------


ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒ ခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒအခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အခြေအနေက တော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၈) ရက်နေ့မှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ (၃၀)ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်သို့လည်း‌ကောင်း၊ ဒီဇင် ဘာလ(၁) ရက်နေ့မှာ အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ အဲ့ဒီနေ့ည ပိုင်းမှာပဲ ဆိုင်ကလုန်း မုန်တိုင်း “ဘူရီဗီ” အဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ပြီး၊ (၃)ရက်နေ့မှာ  အားကောင်း တဲ့ မုန်တိုင်းငယ်အဖြစ်သို့ ပြန်လည်အားလျော့သွားခဲ့ပြီး (၄)ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံ တမီးလ်နာ ဒူးကမ်းခြေတောင်ပိုင်းကို ရမ်မန်သာပူရမ်ခရိုင်အနီးမှ ဖြတ်ကျော်ဝင်ရောက် ခဲ့ကာ အားလျော့သွားခဲ့ပါ သည်။


    မိုးရွာသွန်းမှုအခြေအနေများအနေနဲ့ကတော့ တစ်ပြည်လုံးမှာ ရွာသွန်းမြဲကို မပြည့်မှီပဲ ရွာသွန်း မြဲအောက်လျော့နည်းကာ မိုးရွာသွန်းခဲ့ပါတယ်။ မိုးရွာရက်များအနေနဲ့ကလည်း တနင်္သာရီတိုင်းဒေသ ကြီးမှာ (၅)ရက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ မွန်ပြည်နယ်တို့မှာ (၁)ရက် မိုးရွာသွန်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာသွန်းခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။

    ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ညအပူချိန်အခြေအနေများကို တင်ပြလိုပါတယ်။ နေပြည် တော်နဲ့မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ ပုံမှန်အပူချိန်ထက် အနည်းငယ်ပိုခဲ့ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ ပုံမှန်အပူချိန် ခန့်သာ ရှိခဲ့ပါတယ်။



ယခုဆက်လက်ပြီး လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒ ခန့်မှန်းချက်များကို တင်ပြလိုပါတယ်။ ဘင်္ဂလားပင်လယ်အော်အခြေအနေ ခန့်မှန်းချက်အနေနဲ့ ကတော့ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်း ရပ်‌၀န်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။  ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့် အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင်ပါတယ်။


မိုးအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း၊ တောင်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးရွာနိုင်ပါသည်။ မိုးရွာရက် ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ် တို့မှာ (၄)ရက်မှ (၆)ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်ခန့် မိုးရွာနိုင်ပါသည်။


    ညအပူချိန်ခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။


မြူအခြေအနေခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၆)ရက်မှ (၂၄)ရက်ခန့်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ  (၇)ရက်မှ (၁၅)ရက်ခန့်နဲ့ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ (၃)ရက်မှ (၆)ရက်ခန့်  နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါသည်။


မြစ်ရေအခြေအနေခန့်မှန်းချက်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၁)ပေမှ (၁)ပေခွဲခန့်နဲ့ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့တွင် (၁)ပေခွဲမှ (၃)ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။


ချင်းတွင်းမြစ်ရေဟာလည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ပေခွဲမှ (၃)ပေခန့် လက်ရှိရေမှတ်များ အောက် ကျဆင်းလာ နိုင်ပါသည်။


အလားတူ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံမြို့ နဲ့ မြစ်ငယ်မြို့တို့မှာ ပေဝက်မှ (၁)ပေခွဲခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နဲ့ မဒေါက်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ပေဝက်မှ (၁)ပေခွဲခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ ပေဝက်မှ (၁)ပေခွဲခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ ပေဝက်ခန့်နဲ့  ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ ရွှေကျင် မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက်မှ (၁)ပေ ခွဲခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ ပေဝက်မှ (၁)ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ပေခန့်၊ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။


    အချုပ်အားဖြင့်တင်ပြလိုတာကတော့ လာမည့်ဇန်နဝါရီလဟာ အေးပြီးခြောက်သွေ့တဲ့ ရာသီရဲ့ အလယ်ကာလဖြစ်ပြီး၊ လာနီညာဖြစ်စဉ်တည်ရှိမှုနဲ့အတူ ၎င်းဖြစ်စဉ်ရဲ့ အကျိုးသက်ရောက် မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း အရှေ့မြောက် မုတ်သုံလေ အားကောင်းမှု ကြောင့် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန် အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိ တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အထူးဂရုပြုရန် လိုအပ်သလို   မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှာ ညအပူချိန်များ ကျဆင်းလာ နိုင်တဲ့အတွက် တစ်ခါတစ်ရံ အအေးပိုနိုင်ပါတယ်။ နောက်ဖြစ်စဉ် အနေနဲ့ကတော့  မြူထူကျဆင်း ခြင်းနဲ့ မြစ်ရေများလျော့နည်းလာခြင်း အခြေအနေများကြောင့် ပြည်တွင်းလေကြောင်း ပျံသန်း ရေးနဲ့ ပြည်တွင်းရေကြောင်းသွားလာရေးတို့မှာ အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။

ဒီရာသီကာလအတွင်း ပြည်တွင်းလေကြောင်းပျံသန်းရေးမှာ ဂရုပြုရမည့်အချက်တွေက တော့ လေယာဉ်ပျံများအပေါ် ရေခဲခြင်း (Air Craft Icing)နဲ့ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ များမှာ အားကောင်းတဲ့ အထက်၊ အောက်လေစီးကြောင်း (Vertical Gales) များ တိုက်ခတ်တတ် ခြင်း၊ အထက်လေထုအတွင်း အားကောင်းတဲ့ အနောက်လေစီးကြောင်း (Westerly Jets)များ  တွေ့ကြုံရတတ်ခြင်း၊ အရှေ့လေပြင်းများ တိုက်ခတ်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။

အဲ့ဒီလိုထူးခြားတဲ့ မိုးလေဝသအခြေအနေများနဲ့ ပတ်သတ်လို့ ကြိုတင်သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့တပြေး ညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။


မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှလည်း မိုးလေဝသနှင့် ဇလဗေဒသတင်း၊ သတိပေးချက်များ ကို ကြည့်ရှုနားဆင်နိုင်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။