အသိပေးကြေညာချက်
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတကာနှင့် ယှဉ်ပြိုင် နိုင်စွမ်း ရှိပြီး၊ ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ်ဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ နှင့် ကျေးလက်နေပြည်သူများအပါအဝင် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုအပိုင်း၌လည်းကောင်း၊ ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များ တိုးတက်အောင် ဆောင်ရွက်ရာတွင်လည်းကောင်း လာဘ်ပေး လာဘ်ယူမှုများ ဖြစ်ပွားပါက ဖြစ်စဉ်အား တိကျစွာ ဖော်ပြလျက် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားမှုအပေါ် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများနှင့်အညီစစ်ဆေး၍ မှန်ကန်ပါက ထိရောက်စွာအရေးယူ သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
တိုင်ကြားရန်
(က) ဦးအောင်ပြည်စိုး၊ လက်ထောက်အတွင်းဝန် (သမဝါယမကဏ္ဍ)
ရုံးအမှတ်(၁၆)၊ နေပြည်တော်။ (ဖုန်း) ၀၆၇-၄၁၀၀၃၂
( ခ) ဦးသန်းဆွေ၊ လက်ထောက်အတွင်းဝန် (လယ်ယာ/ဆည်မြောင်းကဏ္ဍ)
ရုံးအမှတ်(၁၅)၊ နေပြည်တော်။ (ဖုန်း) ၀၆၇-၄၁၀၀၉၁
( ဂ) ဦးရွှေစန်း၊ လက်ထောက်အတွင်းဝန် (မွေးရေ/ကျေးလက်ကဏ္ဍ)
ရုံးအမှတ်(၃၆)၊ နေပြည်တော်။ (ဖုန်း) ၀၆၇-၄၀၈၂၇၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန