တနင်္သာရီတိုင်းဒေသကြီး အား ဆီအုန်း အခြေခံ သည့် မြန်မာ့ဆီအိုးကြီး တစ်အိုး ဖြစ်စေရေး အကောင်အထည်ဖော် လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး အား ဆီအုန်း အခြေခံ သည့် မြန်မာ့ဆီအိုးကြီး တစ်အိုး ဖြစ်စေရေး အကောင်အထည်ဖော် လျက်ရှိ

ဆီအုန်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကပိုင်း ၏ လိုအပ်ချက်များ ပံ့ပိုးကူညီမှုပေးရေး လုပ်ငန်းများတွင် ဆီအုန်းသုတေသနလုပ်ငန်းသည် အရေးပါသောအခန်းကဏ္ဍက ပါဝင်နေသည့်အတွက် အဆိုပါသုတေသနလုပ်ငန်းများ ပိုမို အားကောင်းလာရန်လိုကြောင်း၊ အရည်အသွေးကောင်း   ဆီအုန်းမျိုးများထုတ်လုပ်ပေး ခြင်း ဆောင်ရွက်သကဲ့သို့ မျိုးယှဉ်ပြိုင် စမ်းသပ်ခြင်းနှင့် မြေဩဇာမှန်ကန်စွာ ထည့်သွင်းခြင်း များကို ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ သုတေသနပညာရှင်များ အနေဖြင့် မိမိလုပ်ငန်းအပေါ် အာရုံ စူးစိုက် ဆောင်နေကြသည့်နည်းတူ နိုင်ငံတကာ၏ သုတေသန တွေ့ရှိချက်များ ကို လည်း မျက်ခြေမပြတ် လေ့လာကြစေလိုကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ရှိ ဆီအုန်းသုတေသနခြံ တာဝန်ခံများ သုတေသနပညာရှင်များ နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။


 ပြည်ထောင်စုဝန်ကြီး သည် ညွှန်ကြားရေးမှူးချုပ်များ ၊ တိုင်းဒေသကြီး နှင့် ခရိုင်အဆင့် တာဝန်ရှိသူများ သုတေသနပညာရှင်များအား နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုး ရေး ခြံ (မလိဝမ်း) သင်တန်းခန်းမဆောင်တွင် တွေ့ဆုံ၍ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးရေး နှင့် သုတေသနလုပ်ငန်း ဆိုင်ရာများကိုဆွေးနွေးရာ ဟတ်စဒင်း၊ မလိဝမ်း၊ အော်ကြီး၊ ရေတံခွန် သုတေသနခြံ တာဝန်ခံများ က ဆောင်ရွက်ဆဲ သုတေသန လုပ်ငန်းများ နှင့် လုပ်ငန်းလိုအပ်ချက်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး က တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ဌာနပိုင် ဆီအုန်းခြံ များ တွင် ကိုကိုး နှင့် ကော်ဖီ သုတေသန တည်ထောင် စိုက်ပျိုးရေး စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို လည်းကောင်း တင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ တနင်္သာရီ တိုင်းဒေသကြီးအား ဆီအုန်းအခြေခံသည့် မြန်မာ့ဆီအိုးကြီး တစ်အိုးဖြစ်စေရေး အကောင် အထည်ဖော်လျက်ရှိကြောင်း၊ ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ၊ အရည် အသွေး ကောင်း ဆီသီးခိုင်များ အထွက်နှုန်း တိုးတက်ထုတ်လုပ်နိုင် စေရန်အတွက် ဒေသနှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်သည့် အထွက်ကောင်းမျိုးများ နှင့် နည်းပညာများ ဖြန့်ဖြူး ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအပိုင်းက ကြိုးပမ်း ပေးကြစေလိုကြောင်း၊ ကြားသီးနှံ များ၊ သီးနှံရောနှော စိုက်ကွက်များ၊ အပူပိုင်းဒေသသီးနှံများ၊ ဥယျာဉ်ခြံ သီးနှံများ စံပြစိုက်ပျိုး ပြသ၍ နည်းပညာ ဖြန့်ဖြူးရန် လိုအပ်သော အစီအမံများ စနစ်တကျ ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ဆွေးနွေး မှာကြားခဲ့သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဆီအုန်းသုတေသနလုပ်ငန်း ဆောင်ရွက် နေမှုများ ၊ ကိုကိုး နှင့် ကော်ဖီ သုတေသနစိုက်ခင်းများ၊ ဆီအုန်းမျိုးသန့် မျိုးပွားပျိုးခင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။