စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်း မဟာဘုံကထိန် အလှူတော်ကို နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားတွင် လယ်ဝေးမြို့ သံလမ်းကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ သာသနဓဇ သီရိပဝရ ဓမ္မာစရိယ၊ ဝိနယဝိဒူ ဘဒ္ဒန္တသုဇန ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝန်ထမ်းမိသားစုများကိုယ်စား သံလမ်းကျောင်းဆရာတော် အမှူးပြုသော သံဃာတော် အရှင်မြတ်များအားကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားနာယူကြသည်။
ဆက်လက်၍ စုပေါင်းမဟာဘုံကထိန် အလှူတော်၏ ကုသိုလ်ကောင်းမှုအစုစုကို ရေစက်သွန်းချ အမျှပေးဝေကာပင့်သံဃာ(၁၁)ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြ ကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန နှင့် တက္ကသိုလ် များပါဝင်သည့် ဌာနကြီး(၁၁)ခုရှိ ဝန်ထမ်းမိသားစုများ၏ လှူဒါန်းမှုဖြင့် လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မ အလှူတော်ငွေ စုစုပေါင်း ကျပ်သိန်း(၂၁၀)ကျော်ကို လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
Registration is free and easy!