စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (လယ်/ဆည်ကဏ္ဍ)ဝန်ထမ်း သား သမီးများ၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၃)ဘာသာနှင့်အထက်  ဂုဏ်ထူးရ ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခြင်းသတင်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (လယ်/ဆည်ကဏ္ဍ)ဝန်ထမ်း သား သမီးများ၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၃)ဘာသာနှင့်အထက် ဂုဏ်ထူးရ ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခြင်းသတင်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (လယ်/ဆည်ကဏ္ဍ)ဝန်ထမ်းသား သမီးများ၏ ၂၀၁၅-၂၀၁၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၃)ဘာသာနှင့်အထက် ဂုဏ်ထူးရ ထူးချွန်ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခြင်းသတင်း

နေပြည်တော်                    ဇူလိုင်လ (၈)ရက်

          နိုင်ငံတော်အားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အစိုးရသစ်အနေဖြင့် အားသွန် ခွန်စိုက် ကြိုးပမ်းနေချိန်တွင်ဘဝ၏အခက်အခဲများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် တက္ကသိုလ် ဝင်စာမေးပွဲတည်းဟူသော အချိုးအဆစ်တစ်ကွေ့ကိုထူးချွန်စွာဖြတ်ကျော် အောင်မြင် ခဲ့ကြသည့် သားငယ် သမီးငယ်များအား အနာဂတ်အတွက် အားကိုးအားထားပြုကြရမည့် ထက်မြက်ဖွံ့ဖြိုးသော လူသားအရင်းအမြစ် အညွန့် အညှောင့်လေးများအဖြစ် မြင်တွေ့ရသည့်အတွက်များစွာဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊

မိဘများ၏ မေတ္တာတရားအပြည့်အဝဖြင့် မြေတောင်မြှောက်ပေးမှု စွမ်းအား၊ ဆရာများ၏စေတနာထားထိန်းကျောင်းသွန်သင်မှုစွမ်းအား၊ ကျောင်းသား/ကျောင်းသူများ၏ စွမ်းစွမ်းတမံကြိုးစားမှု စွမ်းအားများကြောင့် ယခုကဲ့သို့ထူးချွန်စွာ အောင်မြင်မှုများရရှိကြသကဲ့သို့ ဆက်လက် ဆည်းပူးမည့် ပညာရေးလမ်းကြောင်းများတွင်လည်း မိမိတို့၏ ဝါသနာနှင့်ကိုက်ညီပြီးအမှန်တကယ် စိတ်ဝင်စားမှုရှိသော ဘာသာရပ်များကို မှန်မှန်ကန်ကန် ဆုံးဖြတ်ရွေးချယ် နိုင်ကြရန်လိုအပ်ပါကြောင်း၊

အဘက်ဘက်မှ စိန်ခေါ်မှုများရှိနေသည့်မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွေးချယ် တင်မြှောက် တာဝန်ပေးခံခဲ့ရသည့်မိမိတို့အစိုးရသစ်အနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ အနာဂတ်နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူကြရမည့်သားငယ် သမီးငယ်များ အနေဖြင့်လည်း တိုင်းပြည်က အားကိုးအားထားပြုရသည့် ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်း သမီးကောင်းများအဖြစ် ကြိုးစားအားထုတ်သွားကြစေလိုကြောင်းဖြင့်ယနေ့နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် (လယ်/ဆည်ကဏ္ဍ)ဝန်ထမ်းသား သမီး များ၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး(၃)ဘာသာနှင့်အထက်ရရှိကြသော ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းနှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာ အရာထမ်း အမှုထမ်းများ၊ ထူးချွန်ကျောင်းသား/ကျောင်းသူများတက်ရောက်ကြပါသည်။

အစီအစဉ်အရ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး(၆)ဘာသာရရှိပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက(၅)ဘာသာ ဂုဏ်ထူးရှင်များ၊ (၄)ဘာသာ ဂုဏ်ထူးရှင်များနှင့် (၃)ဘာသာ ဂုဏ်ထူးရှင်များအားလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(လယ်/ဆည်ကဏ္ဍ)ဝန်ထမ်းသား သမီးများ အနေဖြင့် (၆)ဘာသာ ဂုဏ်ထူးရှင်(၃၀)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၃၉)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၄၂)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၄၁)ဦး စုစုပေါင်း(၁၅၂)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်းသတင်း ရရှိပါသည်။