၁။    စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ် လျှက်ရှိသော အောက်ဖော်ပြပါရာထူးနေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

စဉ်    ရာထူး/လစာနှုန်း(ကျပ်)      လစ်လပ်နေရာ      ပညာအရည်အချင်း
(က)    ဒုတိယဦးစီးမှူး(စိုက်ပညာရှင်)
(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)           (၇၁)နေရာ                 B.Agr.Sc

၂။    လျှောက်ထားသူသည်-

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ )    ( ၂၈- ၂- ၂၀၂၀ )ရက်နေ့တွင် အသက်(၃၀)နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်        (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
( ဂ )    မဟာဘွဲ့ရပြီးသူများအတွက် အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဃ)    အနည်းဆုံးလုပ်သက် တစ်ဆက်တည်း(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( င )    ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။    လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲလျှက် စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၃)၊ နေပြည်တော်သို့ (၂၈-၂-၂၀၂၀)ရက်နေ့ အရောက်ပေးပို့လျှောက်ထားရမည်။

(က)    ဘွဲ့လက်မှတ်မိတ္တူ (လူတွေ့စစ်ဆေးခြင်းဖြေဆိုသည့်အခါ အောင်လက်မှတ်မူရင်း တင်ပြရန်)
( ခ )    အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်/တက္ကသိုလ် ဝင်တန်းအောင်လက်မှတ်မိတ္တူ (လူတွေ့စစ်ဆေးခြင်းဖြေဆိုသည့်အခါ အောင်လက်မှတ် မူရင်းတင်ပြရန်)
( ဂ )    လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံထား သည့် ပြစ်မှု၊ မှုခင်းကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
(ဃ)    လျှောက်လွှာပိတ်ရက်မတိုင်မီ(၁)လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓါတ်ပုံ(၂)ပုံ (နောက်ကျောတွင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားဖော်ပြရန်)
( င )    ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူ
( စ )    နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း

-၂-

၄။    လျှောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ်(၄၃)၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာဌာနခွဲ၊ ဝန်ထမ်းရေးရာဌာနစိတ်(၇)နှင့်တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာနရုံးများတွင် ရရှိနိုင်ပါသည်။
၅။    လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများနှင့်အချက်အလက် များပြည့်စုံစွာ ဖြည့်စွက်ဖော်ပြထားခြင်းမရှိသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။
၆။    အရည်အချင်းစစ်ရေးဖြေစာမေးပွဲအား စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)တွင် မြန်မာစာ၊ အထွေထွေဗဟုသုတ၊ အင်္ဂလိပ်စာတို့အား မေးခွန်းတစ်ခုလျှင် (၂)နာရီဖြင့် အောက်ပါနေ့ရက်များ အတိုင်းဖြေဆိုရမည်ဖြစ်သည်။
   
စဉ်    ဖြေဆိုရမည့်ဘာသာရပ်    နေ့ရက်    အချိန်
(က)    မြန်မာစာ        ၇- ၃- ၂၀၂၀    ( ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီထိ )
( ခ )    အထွေထွေဗဟုသုတ    ။    ( ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီထိ )
( ဂ )    အင်္ဂလိပ်စာ            ၈- ၃- ၂၀၂၀    ( ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီထိ )

၇။    ရေးဖြေစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို(၆-၃-၂၀၂၀)ရက်(သောကြာနေ့)တွင် နေပြည်တော် ရုံးအမှတ်-၄၃၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာဌာနခွဲ၊ ဝန်ထမ်းရေးရာ ဌာနစိတ်(၇)၌ ဖြေဆိုမည့်သူကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသ၍ ရုံးချိန်အတွင်းထုတ်ယူ ရပါမည်။
၈။    ရေးဖြေအောင်မြင်သူများအား လူတွေ့စစ်ဆေးမည့်အစီအစဉ်ကို ထပ်မံအကြောင်းကြား မည်ဖြစ်ပြီး သိရှိစုံစမ်းလိုပါက စိုက်ပျိုးရေးဦးစီးဌာန  Website  www.doa.gov.mmနှင့် အပိုဒ်(၉)ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၉။    အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၄၁၀၃၂၅/ ၀၆၇-၄၁၀၅၁၇/၀၆၇-၄၁၀၅၇၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

                                                                                စိုက်ပျိုးရေးဦးစီးဌာန

Write a review

Note: HTML is not translated!
   Bad           Good
Captcha

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ် လျှက်ရှိသော အောက်ဖော်ပြပါရာထူးနေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

  • Product Code:EENO1