(၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ။
  • Thu, 6 February 2025

(၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ။


(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးဦးစီး ဌာနမှ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ဖေဖေါ်ဝါရီလ ၆ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံကျောင်း(ပျဉ်းမနား) အားကစားကွင်း ၌ ကျင်းပပြုလုပ်သည်။
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အဖွင့်အမှာစကား ပြောကြားရာ၌ ယခုကဲ့သို့ အားကစားပြိုင်ပွဲ ကျင်းပရခြင်းသည် ကျောင်းသား ကျောင်းသူများ၏ အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီ အားကစား သမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံများတွင် တက်‌ရောက်ပညာသင်ယူလျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများ တစ်ကျောင်းနှင့်တစ်ကျောင်း စည်းလုံးညီညွတ်မှုရှိစေရန်နှင့် ရင်းနှီး ချစ်ခင်မှု ပိုမိုရရှိစေရန်၊ သင်ရိုးပြင်ပ ဉာဏစွမ်းရည် ပိုမိုတိုးတက်လာစေရန်နှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု ပိုမိုတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိပြီး အားကစား လှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရန်နှင့် သက်ဆိုင်ရာ ကျောင်းအလိုက် အတွေ့အကြုံ ဗဟုသုတများ ဖလှယ်နိုင်စေရန် ဖြစ်ကြောင်း ပြောကြားသည်။
ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပမည့် အဆိုပါအားကစားပြိုင်ပွဲသို့ စိုက်ပျိုးရေးသိပ္ပံကျောင်း(၁၅)ကျောင်းမှ ကြီးကြပ်သူ ဆရာ ဆရာမ (၁၆)ဦး နှင့် အားကစား မောင်မယ်(၁၂၇)ဦး တို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြေးခုန်ပစ်အားကစား၊ ဘောလုံးနှင့် ရိုးရာ လွန်ဆွဲပွဲစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။