ဝန်ထမ်းများ သင်ကြားရေးနည်းဗျူဟာ သိရှိနိုင်စေရန် ဖွင့်လှစ်ပို့ချပေးသည့် သင်ကြားရေးနည်းစနစ် (Teaching Methodology) သင်တန်း ဆင်း
  • Fri, 24 January 2025

ဝန်ထမ်းများ သင်ကြားရေးနည်းဗျူဟာ သိရှိနိုင်စေရန် ဖွင့်လှစ်ပို့ချပေးသည့် သင်ကြားရေးနည်းစနစ် (Teaching Methodology) သင်တန်း ဆင်း


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ရှိ ဝန်ထမ်းနည်းပြများ အတွက် ဖွင့်လှစ်ပေးသည့် သင်ကြားရေးနည်းစနစ် (Teaching Methodology) သင်တန်း ဆင်းပွဲကို ဇန်နဝါရီလ ၂၄ရက်နေ့ ညနေပိုင်းက စိုက်ပျိုးရေး ဦးစီးဌာန ရုံးချုပ် နေပြည်တော် ရုံးအမှတ် ( ၄၃ ) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦဇော်ထွန်းမြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာန က ဖွင့်လှစ်နေသော ရာထူးအဆင့်အလိုက် သင်တန်းများ၊ စီမံ ခန့်ခွဲရေး၊ ငွေစာရင်းနှင့်ထောက်ပံ့ဖြည့်တင်ရေးဆိုင်ရာ သင်တန်းများ၊ မြေ မျိုး ပိုး ဘာသာ ရပ် ဆိုင်ရာ သင်တန်းများ၊ နည်းပညာပေးသင်တန်းများတွင် ဘာသာရပ်အလိုက် သင်ကြား ပို့ချလျက်ရှိသည့် ဝန်ထမ်းနည်းပြများအတွက် သင်ကြားမှုနည်းစနစ်များအား သိရှိနိုင်ရန်၊ သင်ကြားမှုနည်းလမ်းများအပြင် သင်ကြားရေးနည်းဗျူဟာများ၊ သင်ကြားရေးအတွေး အခေါ်များ သိရှိစေရန်အတွက် သင်ကြားရေးအတွေ့အကြုံ နှစ် ၄၀ကျော်ရှိ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်ငြိမ်း ဒေါက်တာမျိုးကြွယ် နှင့် ဝါရင့်ဆရာကြီး ဆရာမကြီးများက ပို့ချခဲ့ကြပြီး သင်တန်းသား သင်တန်းသူ (၃၀)ဦး တက်ရောက်လေ့လာခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦဇော်ထွန်းမြင့် က သင်တန်းနည်းပြ ဆရာ ဆရာမများကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။