Hybrid System ဖြင့် ဒုတိယဦးစီးမှူး(စိုက်ပညာရှင်)များ မွမ်းမံသင်တန်းဖွင့်လှစ် သင်တန်းသား သင်တန်းသူ ၅၁၃ ဦး တက်ရောက်လေ့လာ
  • Fri, 10 January 2025

Hybrid System ဖြင့် ဒုတိယဦးစီးမှူး(စိုက်ပညာရှင်)များ မွမ်းမံသင်တန်းဖွင့်လှစ် သင်တန်းသား သင်တန်းသူ ၅၁၃ ဦး တက်ရောက်လေ့လာ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် ဒုတိယဦးစီးမှူး(စိုက်ပညာရှင်)များ မွမ်းမံသင်တန်းကို ယနေ့နံနက် (၈) နာရီက နေပြည် တော် ရုံးအမှတ်(၄၃)အစည်းအဝေးခန်းမ ၌ Hybrid System ဖြင့် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့်ဌာနတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရုံးချုပ်ဌာနခွဲများ နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး ပြည်နယ်အသီးသီး မှ ဒုတိယဦးစီးမှူး (စိုက်ပညာရှင်) သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးပညာရှင် များအနေဖြင့် ပန်းတိုင် အထွက်နှုန်း လျော့ကျစေသည့် အဟန့်အတားများ ရှာဖွေစိစစ်၍ ဆောင်ရွက်ရန် ၊ ရိတ်သိမ်းချိန်တွင်ရှိရမည့် အပင်ဦးရေ ပြည့်မီရေး၊ အပင်ပေါက်ကောင်း၍ သန်စွမ်းနှုန်းမြင့်မားသော မျိုးစေ့များ ထုတ်လုပ်ရေး၊ စိုက်ပျိုး နည်းစနစ် မှန်ကန်စေရေး၊ ရေလိုအပ်ချက်ကို ချိန်ဆပေးသွင်းနိုင်ရေး၊ ဝါစီမံကိန်း၊ ဆီထွက်သီးနှံ စီမံကိန်းအပါအဝင် စီမံကိန်းအသွင်ဖြင့် ဆောင်ရွက်သောလုပ်ငန်းများ ရည်မှန်းချက် အောင်မြင်ရေး၊ စံပြ ကွက်များ စနစ်တကျ ထူထောင်ဆောင်ရွက်ရေး နှင့် စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး လုပ်ငန်း များကို တောင်သူဗဟိုပြုစနစ်ဖြင့် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ရေး အသေးစိတ် ဆွေးနွေးမှာကြားသည်။ 

အဆိုပါသင်တန်း သို့ Online မှ Virtual စနစ်ဖြင့် ၉၂ ပွိုင့်မှ သင်တန်းသား သင်တန်းသူ ဒုတိယဦးစီးမှူး (စိုက်ပညာရှင်) ၅၀၂ ဦးတို့ တက်ရောက်လေ့လာလျက်ရှိပြီး ဇန်နဝါရီလ (၁၀)ရက်နေ့မှ ဇန်နဝါရီလ (၁၁)ရက်နေ့ထိ ဌာနခွဲ ညွှန်ကြားရေးမှူးများ က သက်ဆိုင်ရာ ဘာသာရပ်များ အလိုက် ပို့ချပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။