ဆောင်းသီးနှံအောင်မြင်ဖြစ်ထွန်းနေမှုများကွင်းဆင်းစစ်ဆေး နေကြာမျိုးစေ့ထုတ်တောင်သူများနှင့်တွေ့ဆုံ
  • Wed, 8 January 2025

ဆောင်းသီးနှံအောင်မြင်ဖြစ်ထွန်းနေမှုများကွင်းဆင်းစစ်ဆေး နေကြာမျိုးစေ့ထုတ်တောင်သူများနှင့်တွေ့ဆုံ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းသည် ရုံးချုပ် ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး၊ နေပြည်တော် ဒု-တိုင်းဦးစီးမှူးတို့ လိုက်ပါလျက် (၇.၁.၂၀၂၅) နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများအပေါ် ပြန်လည်စိုက်ပျိုးထားရှိသော ဆောင်းသီးနှံများ၏ အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ငကောင်းကံ၊ မယ်ဇ လီကုန်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးထားရှိသော ဆောင်းနေကြာ စိုက်ခင်းများကို ကြည့်ရှု့ ကာ နေကြာမျိုးစေ့ထုတ် တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်းသတင်းရရှိသည်။