တောင်သူပညာပေးစာစောင်များ ထုတ်ဝေရေးနှင့် ဆောင်းပါးများရေးသား၍ နည်းပညာ ဖြန့်ဖြူး နိုင်ရေး ညှိနှိုင်းဆွေးနွေး
  • Thu, 2 January 2025

တောင်သူပညာပေးစာစောင်များ ထုတ်ဝေရေးနှင့် ဆောင်းပါးများရေးသား၍ နည်းပညာ ဖြန့်ဖြူး နိုင်ရေး  ညှိနှိုင်းဆွေးနွေး


တောင်သူပညာပေး စာအုပ် စာစောင်များ ထုတ်ဝေရေးနှင့် နည်းပညာပေး ဆောင်းပါးများ စဉ်ဆက်မပြတ်ရေးသား နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂ရက်နေ့ညနေ (၃)နာရီက စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေးနှင့် သီးနှံစိုက်စွမ်းအားမြင့်မားရေးအတွက် နည်းပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် တောင်သူလယ်သမားများ လွယ်ကူစွာ နားလည်ပြီး လိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲလာသော နည်းပညာများကို တောင်သူများ အလွယ်တကူနားလည် ဖတ်ရှုနိုင်သော ပညာပေးစာစောင်စာတမ်းများအဖြစ် ထုတ်ဝေခြင်း၊ ဆောင်းပါးများရေးသား၍ နည်းပညာ ဖြန့်ဖြူးခြင်းများ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ဌာနခွဲညွှန်ကြားရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြကြောင်း သိရသည်။