လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအား အဟန့်အတားဖြစ်စေမည့် စိန်ခေါ်မှုများဖော်ထုတ်၍ ကျော်လွှားဆောင်ရွက်ရန် နည်းလမ်းများ စာတမ်းပြုစုရေး ကြိုးပမ်း
  • Fri, 3 January 2025

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအား အဟန့်အတားဖြစ်စေမည့် စိန်ခေါ်မှုများဖော်ထုတ်၍ ကျော်လွှားဆောင်ရွက်ရန် နည်းလမ်းများ စာတမ်းပြုစုရေး ကြိုးပမ်း


မြန်မာနိုင်ငံ၏ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအပေါ် အဟန့် အတားဖြစ်စေမည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို နည်းလမ်းတကျ ရှာဖွေဖော်ထုတ်၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန်နည်းလမ်းများအား စာတမ်းပြုစုရန် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ယနေ့ နံနက် (၁၀)နာရီ တွင် ရုံးချုပ် အစည်းအဝေးခန်းမ၌ စိုက်ပျိုးစီးပွားဆိုင်ရာ ပညာရှင်များနှင့်တွေ့ဆုံ၍ ဆွေးနွေး မှာကြားခဲ့သည်။

ကမ္ဘာ့လယ်ယာသီးနှံများ၏ ဈေးကွက်အခြေအနေ၊ မြန်မာ့သီးနှံများ ဈေးကွက် အလားအလာများ၊ ပန်းတိုင်အထွက်နှုန်း မရရှိစေနိုင်သည့် အဟန့်အတားများ၊ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အနှောက်အယှက်ဖြစ်စေသည့် အချက်အလက်များ စနစ်တကျ သုံးသပ်ရှာဖွေ၍ စာတမ်းပြုစုပြီး ယင်းအဟန့်အတားများ ကျော်လွှား၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ပညာရှင်များက နည်းလမ်းများ ရှာဖွေအကြံပြုတင်ပြကြမည် ဖြစ်သည်။ 

အစည်းအဝေးသို့ ညွှန်မှူးများ၊ စိုက်ပျိုးစီးပွားဆိုင်ရာ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ ရရှိသူ ပညာရှင်ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။