၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Mon, 2 December 2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


တင်ပြသူ - ဦးထက်ဝေထွန်း

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………….................................... မင်္ဂလာပါခင်ဗျာ။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက် များကို နေပြည်တော်၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါ့မယ် ခင်ဗျာ။လာမည့် ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ် အော်တို့မှာတိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ နေပြည်တော်၊စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့်မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာ ၅ ရက်မှ ၈ ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း)၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် ၁ ရက်မှ ၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ညအပူချိန်အခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ ချင်းပြည်နယ်မှာဒီဇင်ဘာလ ပုံမှန်အပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးရပ်အောက် လျော့နည်းနိုင်ပြီး၊စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့မှာဒီဇင်ဘာလ ပုံမှန်အပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးရပ်နဲ့အထက်ပိုနိုင်ကာ၊ နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီ တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင် ပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလ ပုံမှန်အပူချိန် ခန့်သာရှိနိုင်ပါတယ်။

မြူအခြေအနေ ခန့်မှန်းချက်များအနေနဲ့ကလည်းစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ ၁၆ ရက်မှ ၂၅ ရက်ခန့်နဲ့နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ၆ ရက်မှ ၁၅ ရက်ခန့်နံနက် ပိုင်းမှာ မြူထူများဆိုင်းနိုင်ပါတယ်။

မြစ်ရေအခြေအနေခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းဧရာဝတီ မြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ ၁ ပေမှ ၃ ပေခန့်နဲ့ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူး မြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၄ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းလာနိုင်ပါတယ်။ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၁ ပေခွဲမှ ၄ ပေခွဲခန့်လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၁ ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာပေဝက်ခန့် နဲ့ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၂ ပေမှ ၄ ပေခန့်၊ စစ်တောင်းမြစ်ရေဟာတောင်ငူမြို့နဲ့ မဒေါက် မြို့တို့မှာ ၂ ပေခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာပေဝက်ခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့ နဲ့ ပဲခူးမြို့တို့မှာ ၁ ပေမှ ၂ ပေခန့်၊သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၂ ပေခွဲခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ ၁ ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ် မြို့တို့မှာ ၁ ပေမှ ၂ ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၂ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၁ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဒီဇင်ဘာလဟာမြန်မာနိုင်ငံအရပ်ရပ်မှာ အေးပြီးခြောက်သွေ့တဲ့ အရှေ့မြောက်လေများတိုက်ခတ်တဲ့အတွက် ညအပူချိန်များ လျော့နည်း လာမှာ ဖြစ်ပါတယ်။အဲဒီကာလရဲ့ ထူးခြားတဲ့ဝိသေသများကတော့ တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့လေဖိအား များရပ်ဝန်းဟာ အားကောင်းလာပြီး၊ မြန်မာနိုင်ငံဘက်ကိုထိုးဆင်းလာတတ်တဲ့အခါ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများနဲ့အလယ်ပိုင်းဒေသများမှာ အအေးပိုလာတတ်သလို ဟိမဝန္တာ တောင်တန်းပေါ်မှလေဖိအားကြီးရပ်ဝန်းဟာ အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တိုးဝင် လာတဲ့အခါမြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာလည်း အအေးပိုလာတတ်ပါတယ်။ ဒါ့အပြင်အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်နိုင်တဲ့အတွက် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းကြီးနိုင်တာကြောင့်ပင်လယ်ရေကြောင်းသွားလာရေးကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာတော့ တစ်ခါတစ်ရံ လေထုမငြိမ်သက်ရာမှဖြစ်ပေါ်လာတတ် တဲ့ တိမ်များကြောင့် အအေးပေါ့သွားတတ်ပါတယ်။ဒီရာသီကာလအတွင်း အထက်မှအောက်သို့ အရှိန်ပြင်းစွာ ထိုးစိုက်တိုက်ခတ်တတ်သည့်အထက်အောက်လေစီးကြောင်းများ ဖြစ်ပေါ်တတ် တာကြောင့်ပြည်တွင်းလေကြောင်းပျံသန်းရေးမှာ အထူးဂရုပြုကြရမှာဖြစ်သလို အေးပြီးခြောက်သွေ့သည့် ရာသီကာလဖြစ်၍ မိုးရွာသွန်းမှုဖြစ်စဉ်များ လျော့နည်းသွားသည့်အတွက်မြစ်ရေ မှတ်များ ကျဆင်းသွားသည့်အတွက် ပြည်တွင်းရေကြောင်းသွားလာရေးမှာလည်းအထူးဂရုပြု ကြဖို့ လိုအပ်ပါတယ်။အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ကြိုတင်သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebookသို့လည်းကောင်း၊ မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ Youtube Channel သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက် ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်း ကောင်း၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကိုကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။