စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်
  • Tue, 19 November 2024

စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်


တောင်သူနှင့်တိုက်ရိုက်ထိတွေ့ ၍ စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး အတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်မှုမြှင့်တင်ခြင်းသင်တန်းများ ကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ စိုက်ပျိုးပညာပေးရေးဌာနခွဲ က ဦးဆောင်ပို့ချသွားမည့် အစေ့ထုတ်ပြောင်း၊ဂျုံ၊မြေပဲ၊နှမ်း၊နေကြာနှင့် ပဲမျိုးစုံသီးနှံများ၏ စိုက်ပျိုးထုတ် လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေး ပညာပေးသင်တန်းများကို နိုဝင်ဘာလ ၁၈ ရက်နေ့ မှ စတင်၍ Virtual System ဖြင့် ပို့ချပေးလျက်ရှိသည်။ 

သီးနှံအလိုက်စိုက်ပျိုးထုတ်လုပ်မှု ပိုမိုမြင့်မားလာစေရန် ကျင့်သုံးဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အသစ်အသစ်သော ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို ဌာနတွင်းဝန်ထမ်းများကိုယ်တိုင် စဉ်ဆက်မပြတ်လေ့လာ သိရှိပြီး တောင်သူလယ်သမားများအား စိုက်ပျိုးနည်းပညာဖြန့်ဝေပေးခြင်း နှင့်အတူ အသိပညာဗဟုသုတများ မျှဝေပေးနိုင်ခြင်းဖြင့်  တောင်သူများ ၏ ဝင်ငွေ နှင့် လူမှုစီးပွါးဘဝများ သိသာစွာ ပြောင်းလဲတိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးနည်းပညာပြန့်ပွါးရေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန က တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယခုဖွင့်လှစ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များပူးပေါင်းပြီး ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးသင်တန်း၊ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရေး ပညာပေးသင်တန်းနှင့် ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရေးပညာပေး သင်တန်းများကို နိုဝင်ဘာလ ၁၈ ရက်နေ့ မှ ၂၂ ရက်နေ့အထိ ၅ ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း ၊ သင်တန်းတွင် နေပြည်တော် နှင့် တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ စိုက်ပျိုးပညာပေးရေးဝန်ထမ်းများ တက်ရောက်လေ့လာလျက်ရှိကြကြောင်း သတင်းရရှိသည်။