နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
  • Tue, 28 May 2024

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၂၈ ရက်နေ့ မွန်လွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌများဖြစ်သော ဒုတိယဝန်ကြီးများဖြစ်သော ဒေါက်တာအောင်ကြီး နှင့် ဒေါက်တာတင်ထွဋ် ကော်မတီဝင်များနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့်ပါဝင် တက်ရောက်ကြကာ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရှိခဲ့ရပါသည်။




နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်မှုမှာ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ပဲတီစီမ်း၊ နွေစပါးစီမံကိန်းအတွက် သုံးစွဲခဲ့သောချေးငွေနှင့် ဝန်ဆောင်ခအားလုံး ပြန်လည်ရရှိပြီး  ဖြစ်ကြောင်း၊ ကျန်ရှိသောစီမံကိန်းလုပ်ငန်းများ၏ ချေးငွေနှင့်ဝန်ဆောင်မှုလုပ်ငန်းများကို သတ်မှတ်ကာလအချိန်မီရရှိရေးနှင့် အပြည့်ဝ‌ကောက်ခံရရှိရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစုစုပါင်း ကျပ် ၃၁၈.၉၁၄ ဘီလီယံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး (၆)ခုနှင့် ပြည်နယ်(၄)ခုတို့တွင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသော မွေးမြူရေးစီမံကိန်းများအတွက် ချေးငွေအဆိုပြု လျှောက်ထားလာသူ၊မွေးမြူသူ၊ မွေးမြူသူအစုအဖွဲ့များ သွင်းအားစု အထောက်ပံ့သူများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့၏ စီမံကိန်းလုပ်ငန်းစဉ်များကိုပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး (၆)ခုနှင့် ပြည်နယ်(၂)ခုတို့မှာအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်(၁၈) မြို့နယ်၊ တောင်သူ(၁၃၃)ဦး နှင့် လုပ်ငန်း(၁၆၃)ခုမှ စိုက်ပျိုးမြေဧက (၁၄၀၀)ကျော်အတွက် စိုက်ပျိုးရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းရရှိခဲ့ ပါသည်။